AyarCloud
Take your business to the next level

Welcome To AyarCloud

MM
EN

About Us

Overview

AyarCloud ဆိုတာ မြန်မာနိုင်ငံ အခြေစိုက် Local ကုမ္ပဏီတစ်ခုဖြစ်သည့် AYARNET ISP ၏ Product Line တစ်ခုဖြစ်ပြီး Cloud Services တွေဖြစ်ကြတဲ့ Virtual Private Server (VPS), Infrastructure as a Service (IaaS), Platform as a Service (PaaS) အစရှိတဲ့ Services တွေကို ဝန်ဆောင်မှုပေးရန် တည်ထောင်ထားတဲ့ Cloud Service Provider ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ စိတ်ချယုံကြည်ရသည့် နည်းပညာကုမ္ပဏီများဖြင့် လက်တွဲထားကာ customer များ၏ လုပ်ချင်သောစိတ်ကူးစိတ်သန်းများအား ဆွေးနွေးပေးခြင်း၊ အကြံပေးခြင်းများကိုလည်း ကူညီဆောင်ရွက်ပေးနေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။

ထို့အပြင် ကျွန်တော်တို့၏ AYARCLOUD ကုမ္ပဏီသည် ကိုယ်ပိုင် Built-Up Cloud Service Provider ဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ Sales Team၊ Technical Team များကလည်း အချိန်နဲ့တပြေးညီ customer များအား ဝန်ဆောင်မှုပေးနိုင်သည့် Technical Strong ဖြစ်သည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုအနေဖြင့်လည်း ရပ်တည်လျက်ရှိသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်

Introduction to Ayarcloud

Card Image

AyarCloud အားသုံးစွဲသူများ အနေဖြင့် Cloud နည်းပညာကို အသုံးပြုရာတွင် မိမိတို့ resources များကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန်မလိုပဲ သုံးစွဲသူတို့၏ စိတ်တိုင်းကျ စီမံခန့်ခွဲ နိင်ရန် စီစဉ်ပေးထားပါသည်။

Card Image

AyarCloud သည် မြန်မာနိုင်ငံ အခြေစိုက် Cloud နည်းပညာ ထောက်ပံ့သူ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်းရှိ အသုံးပြုသူများအနေဖြင့် လိုအပ်သည့် အကူအညီ နည်းပညာ အခက်အခဲများကို ဖုန်းဖြင့်သော်လည်းကောင်း၊ အီးမေးလ်ဖြင့်သော်လည်းကောင်း၊ သီးသန့် ဖွဲ့စည်းပေးထားသော သက်ဆိုင်ရာ Group Chat များမှတဆင့်သော်လည်းကောင်း 24 နာရီ 7 ရက်ပတ်လုံး AyarCloud ၏ သက်ဆိုင်ရာ Team များနှင့် တိုက်ရိုက် ဆက်သွယ် တောင်းဆိုနိုင်ပါသည်။

Card Image

AyarCloud ၏ မည့်သည့် ဝန်ဆောင်မှုကို မဆို မြန်မာကျပ်ငွေဖြင့် ပေးချေနိုင်သည့် အပြင် သုံးစွဲသူများ နှစ်သက်ရာ ပေးချေမှု နည်းလမ်းများဖြင့် ပေးချေနိုင်သည်။

Card Image

AYARCLOUD ၏ အဓိကအချက်မှာ အရည်အသွေးမြင့် စွမ်းဆောင်ရည်နှင့် မယိမ်းယိုင်သော ယုံကြည်စိတ်ချရမှုကို ပေးဆောင်ရန် ဖြစ်ပြီး ကျွန်ုပ်တို့၏ cloud ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များနှင့် ကိုက်ညီပါသည်။

AyarCloud ၏ vision

  • မြန်မာနိုင်ငံသည် ထူးချွန်မှု၊ ဆန်းသစ်တီထွင်မှုနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကျွန်ုပ်တို့၏ တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုနှင့် အတူ cloud နည်းပညာတွင် ဦးဆောင်နိုင်သည့် အနာဂတ်ကို မျှော်မှန်းထားပါသည်။ AyarCloud ၏ vision ကို အဓိကအခြေခံမူ သုံးခု ပိုင်းခြားထားသည်။

မြန်မာနိုင်ငံတွင် ထိပ်တန်း Cloud ဝန်ဆောင်မှုပေးသူ

  • အရည်အသွေး၊ ယုံကြည်စိတ်ချရမှု၊ နှင့် ဆန်းသစ်တီထွင်မှုများကြောင့် လူသိများသော မြန်မာနိုင်ငံရှိ ထိပ်တန်း cloud ဝန်ဆောင်မှုပေးသူဖြစ်လာရန် ကျွန်ုပ်တို့ ရည်မှန်းထားပါသည်။

ကမ္ဘာ့အဆင့်မီသော အရည်အသွေးနှင့် လုပ်ဆောင်ချက်များ

  • ကျွန်ုပ်တို့၏ cloud ဝန်ဆောင်မှုများသည် ဒေသတွင်းတွင် ကမ္ဘာ့အဆင့်မီ ဖြေရှင်းချက်များကို ပံ့ပိုးပေးသည့် စွမ်းဆောင်ရည်နှင့် ကိုက်ညီမည်ဖြစ်သည်။

မြန်မာ့စက်မှုလုပ်ငန်း တိုးတက်မှုကို မြှင့်တင်ပေးခြင်း

  • စီးပွားရေးတိုးတက်မှုကို တွန်းအားပေးရန်အတွက် အဆင့်မြင့် cloud infrastructure များကို ပံ့ပိုးပေးခြင်းဖြင့် မြန်မာ့စက်မှုလုပ်ငန်းများကို ပံ့ပိုးကူညီရန် ကျွန်ုပ်တို့ ကတိပြုပါသည်။

Meet Our Team

Meet our passionate Ayarcloud team dedicated to your hosting success.

John Theodore

CEO, Co-Founder

People Like You Already Enjoy Web Hosting

People Like You Already Enjoy Web Hosting

Frequently Asked Questions

AyarCloud ဟာ မြန်မာနိုင်ငံ အခြေစိုက် Local ITကုမ္ပဏီတစ်ခုဖြစ်ပြီး အဓိကအနေနဲ့ Infrastructure as a Service (IaaS) နှင့် Platform as a Service (PaaS) အစရှိတဲ့ Cloud Services တွေကို ဝန်ဆောင်မှုပေးနေတဲ့ Cloud Service Provider တစ်ခုဖြစ်ပါတယ်။ လူကြီးမင်း၏ အရေးကြီး Data များကိုလည်း ပြည်တွင်း Data Center များတွင်သာ ထားရှိသည့်အတွက် လုံခြုံရေးအရ ပိုမိုစိတ်ချရပြီး ငွေပေးချေမှုများတွင်လည်း ပြည်တွင်းကျပ်ငွေဖြင့် ပေးချေနိုင်သည့်အတွက် နိုင်ငံခြားငွေ မလိုအပ်ဘဲ မြန်မာကျပ်ငွေဖြင့် ရိုးရှင်းလွယ်ကူစွာ ပေးချေနိုင်သော Payment System ကို ဆောင်ရွက်ပေးထားသောကြောင့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် စိတ်ချယုံကြည်စွာ အသုံးပြုသင့်သော Cloud Service Provider တစ်ခုဖြစ်ပါတယ်။

ကမ္ဘာမှာ မည့်သည့် Cloud Service ကို အသုံးပြုသည်ဖြစ်စေ မိမိအသုံးပြုနေသည့် နိုင်ငံ/ Company Public IP ကို အသုံးပြု၍ VPN နည်းပညာဖြင့်ချိတ်ဆက်ကာ မိမိ Data များအား Update ပြုလုပ်ခြင်း/ Download ပြုလုပ်ခြင်းများအား အဆင်ပြေလုံခြုံမှုရှိအောင် အသုံးပြုနေကြရပါသည်။ မိမိတို့ AyarCloud တွင်မူ Local Company များအတွက် ရည်ရွယ်ကာ Local Data Center များတွင်သာ Data များကို ထားရှိတည်ဆောက်ထားသောကြောင့် သာမန်အချိန်တွင်သာမက အချို့ VPN အသုံးပြုရခက်ခဲ့သော အချိန်များ၌ပင် မိမိ Data များအား အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သည့် အားသာချက်ကိုလည်း Customer များ ရရှိခံစားရမည် ဖြစ်ပါသည်။

Ayecloud မှ အောက်ပါ Cloud Serviceဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်

1- Infrastructure as a Service (IaaS)

2- Platform as a Service (PaaS)

3- Public IP Service

4- Firewall Service

5- VPN Service

6- Load Balancing

7- Backup Service

AyarCloud ရဲ့ Service Level Agreement (SLA) မှာ အောက်ပါအချက်များ ပါဝင်ပါတယ်

၁။  99.9% Uptime SLA for Instance and Block Storage

၂။  နည်းပညာအကူအညီများ နှင့် အသုံးပြုသူများ၏ လိုအပ်ချက်များကို ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ရယူနိုင်ခြင်း

၃။ မြန်မာကျပ်ငွေဖြင့် ပေးချေနိုင်ပြီး ရိုးရှင်းလွယ်ကူသော ပေးချေမှုနည်းလမ်းများ

Infrastructure as a Service (IaaS) ဆိုတာ Cloud ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး Compute Power တွေဖြစ်တဲ့ OS, CPU,Ram,Hard Disk နဲ့ Network Profile များကို စိတ်ကြိုက်ရွေးချယ်တည်ဆောက်ထားတဲ့ Pay-as-you-go System တစ်ခုဖြစ်ပါတယ်။ IAAS ဝန်ဆောင်မှုမှာ User က မိမိစိတ်ကြိုက် OS များကို အကြိမ်ကြိမ် install ပြုလုပ်နိုင်သည့်အပြင် Web Server,Database,App စသည့် Applications များကိုလည်း မိမိစိတ်ကြိုက်ထပ်မံ install ပြုလုပ်နိုင်ပါသည်။ ထို့အပြင် OS Firewall rule များ၊ Cloud add-on virtual firewall,port forwarding နှင့် အခြား cloud add-on ဝန်ဆောင်မှုများကိုလည်း မိမိစိတ်ကြိုက် အသုံးပြုနိုင်သည့် စနစ်တစ်ခုဖြစ်ပါသည်။

AyarCloud Service အား အောက်ပါအဖွဲ့အစည်း လူပုဂ္ဂိုလ်များ အသုံးပြုသင့်ပါသည်

၁။ IT ပိုင်းဆိုင်ရာ Hardware(Server,Firewall,Switch) ပစ္စည်းများအား ငွေကုန်ကြေးကျခံ မဝယ်ယူပဲ မိမိ IT ပိုင်းဆိုင်ရာလုပ်ငန်းများအား Cloud နည်းပညာအသုံးပြု၍ ဆက်လက်ဆောင်ရွက်လိုသူများ ၂။ မိမိ Company IT ပိုင်းဆိုင်ရာ Hardware ပစ္စည်းများအား Control and Manage ဆောင်ရွက်နိုင်ရန်အတွက် လူအင်အား/ Electricity စသည့် Facility များအသုံးမပြုပဲ HR အင်အား နည်းနည်းဖြင့် ဆက်လက်ဆောင်ရွက်လိုသူများ ၃။ လက်ရှိနိုင်ငံတကာ Cloud Service ကို အသုံးပြုနေပြီး နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် မိမိတို့ ပြည်တွင်း Cloud Service ကိုအသုံးပြုပြီး မြန်မာကျပ်ငွေဖြင့် ပေးချေလိုသူများ ၄။ Customer Service နှင့် ပြောဆိုဆက်ဆံရာတွင်လည်း မိမိတို့ မြန်မာစကားဖြင့်ပင် ထိထိရောက်ရောက် ပြောဆိုဆက်ဆံလိုသူများ