AyarCloud ဆိုတာ မြန်မာနိုင်ငံ အခြေစိုက် Local ကုမ္ပဏီတစ်ခုဖြစ်သည့် AYARNET ISP ၏ Product Line တစ်ခုဖြစ်ပြီး Cloud Services တွေဖြစ်ကြတဲ့ Virtual Private Server (VPS), Infrastructure as a Service (IaaS), Platform as a Service (PaaS) အစရှိတဲ့ Services တွေကို ဝန်ဆောင်မှုပေးရန် တည်ထောင်ထားတဲ့ Cloud Service Provider ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ စိတ်ချယုံကြည်ရသည့် နည်းပညာကုမ္ပဏီများဖြင့် လက်တွဲထားကာ customer များ၏ လုပ်ချင်သောစိတ်ကူးစိတ်သန်းများအား ဆွေးနွေးပေးခြင်း၊ အကြံပေးခြင်းများကိုလည်း ကူညီဆောင်ရွက်ပေးနေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။
ထို့အပြင် ကျွန်တော်တို့၏ AYARCLOUD ကုမ္ပဏီသည် ကိုယ်ပိုင် Built-Up Cloud Service Provider ဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ Sales Team၊ Technical Team များကလည်း အချိန်နဲ့တပြေးညီ customer များအား ဝန်ဆောင်မှုပေးနိုင်သည့် Technical Strong ဖြစ်သည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုအနေဖြင့်လည်း ရပ်တည်လျက်ရှိသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်
AyarCloud အားသုံးစွဲသူများ အနေဖြင့် Cloud နည်းပညာကို အသုံးပြုရာတွင် မိမိတို့ resources များကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန်မလိုပဲ သုံးစွဲသူတို့၏ စိတ်တိုင်းကျ စီမံခန့်ခွဲ နိင်ရန် စီစဉ်ပေးထားပါသည်။
AyarCloud သည် မြန်မာနိုင်ငံ အခြေစိုက် Cloud နည်းပညာ ထောက်ပံ့သူ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်းရှိ အသုံးပြုသူများအနေဖြင့် လိုအပ်သည့် အကူအညီ နည်းပညာ အခက်အခဲများကို ဖုန်းဖြင့်သော်လည်းကောင်း၊ အီးမေးလ်ဖြင့်သော်လည်းကောင်း၊ သီးသန့် ဖွဲ့စည်းပေးထားသော သက်ဆိုင်ရာ Group Chat များမှတဆင့်သော်လည်းကောင်း 24 နာရီ 7 ရက်ပတ်လုံး AyarCloud ၏ သက်ဆိုင်ရာ Team များနှင့် တိုက်ရိုက် ဆက်သွယ် တောင်းဆိုနိုင်ပါသည်။
AyarCloud ၏ မည့်သည့် ဝန်ဆောင်မှုကို မဆို မြန်မာကျပ်ငွေဖြင့် ပေးချေနိုင်သည့် အပြင် သုံးစွဲသူများ နှစ်သက်ရာ ပေးချေမှု နည်းလမ်းများဖြင့် ပေးချေနိုင်သည်။
AYARCLOUD ၏ အဓိကအချက်မှာ အရည်အသွေးမြင့် စွမ်းဆောင်ရည်နှင့် မယိမ်းယိုင်သော ယုံကြည်စိတ်ချရမှုကို ပေးဆောင်ရန် ဖြစ်ပြီး ကျွန်ုပ်တို့၏ cloud ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များနှင့် ကိုက်ညီပါသည်။
မြန်မာနိုင်ငံတွင် ထိပ်တန်း Cloud ဝန်ဆောင်မှုပေးသူ
ကမ္ဘာ့အဆင့်မီသော အရည်အသွေးနှင့် လုပ်ဆောင်ချက်များ
မြန်မာ့စက်မှုလုပ်ငန်း တိုးတက်မှုကို မြှင့်တင်ပေးခြင်း
Meet our passionate Ayarcloud team dedicated to your hosting success.
Amazing hosting service! Blazing-fast speeds, rock-solid reliability, and exceptional customer support. My website has never performed better. Highly recommend this hosting provider for your online ventures!

AyarCloud ဟာ မြန်မာနိုင်ငံ အခြေစိုက် Local ITကုမ္ပဏီတစ်ခုဖြစ်ပြီး အဓိကအနေနဲ့ Infrastructure as a Service (IaaS) နှင့် Platform as a Service (PaaS) အစရှိတဲ့ Cloud Services တွေကို ဝန်ဆောင်မှုပေးနေတဲ့ Cloud Service Provider တစ်ခုဖြစ်ပါတယ်။ လူကြီးမင်း၏ အရေးကြီး Data များကိုလည်း ပြည်တွင်း Data Center များတွင်သာ ထားရှိသည့်အတွက် လုံခြုံရေးအရ ပိုမိုစိတ်ချရပြီး ငွေပေးချေမှုများတွင်လည်း ပြည်တွင်းကျပ်ငွေဖြင့် ပေးချေနိုင်သည့်အတွက် နိုင်ငံခြားငွေ မလိုအပ်ဘဲ မြန်မာကျပ်ငွေဖြင့် ရိုးရှင်းလွယ်ကူစွာ ပေးချေနိုင်သော Payment System ကို ဆောင်ရွက်ပေးထားသောကြောင့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် စိတ်ချယုံကြည်စွာ အသုံးပြုသင့်သော Cloud Service Provider တစ်ခုဖြစ်ပါတယ်။
ကမ္ဘာမှာ မည့်သည့် Cloud Service ကို အသုံးပြုသည်ဖြစ်စေ မိမိအသုံးပြုနေသည့် နိုင်ငံ/ Company ၏ Public IP ကို အသုံးပြု၍ VPN နည်းပညာဖြင့်ချိတ်ဆက်ကာ မိမိ Data များအား Update ပြုလုပ်ခြင်း/ Download ပြုလုပ်ခြင်းများအား အဆင်ပြေလုံခြုံမှုရှိအောင် အသုံးပြုနေကြရပါသည်။ မိမိတို့ AyarCloud တွင်မူ Local Company များအတွက် ရည်ရွယ်ကာ Local Data Center များတွင်သာ Data များကို ထားရှိတည်ဆောက်ထားသောကြောင့် သာမန်အချိန်တွင်သာမက အချို့ VPN အသုံးပြုရခက်ခဲ့သော အချိန်များ၌ပင် မိမိ Data များအား အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သည့် အားသာချက်ကိုလည်း Customer များ ရရှိခံစားရမည် ဖြစ်ပါသည်။
Ayecloud မှ အောက်ပါ Cloud Serviceဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်
1- Infrastructure as a Service (IaaS)
2- Platform as a Service (PaaS)
3- Public IP Service
4- Firewall Service
5- VPN Service
6- Load Balancing
7- Backup Service
AyarCloud ရဲ့ Service Level Agreement (SLA) မှာ အောက်ပါအချက်များ ပါဝင်ပါတယ်
၁။ 99.9% Uptime SLA for Instance and Block Storage
၂။ နည်းပညာအကူအညီများ နှင့် အသုံးပြုသူများ၏ လိုအပ်ချက်များကို ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ရယူနိုင်ခြင်း
၃။ မြန်မာကျပ်ငွေဖြင့် ပေးချေနိုင်ပြီး ရိုးရှင်းလွယ်ကူသော ပေးချေမှုနည်းလမ်းများ
AyarCloud Service အား အောက်ပါအဖွဲ့အစည်း လူပုဂ္ဂိုလ်များ အသုံးပြုသင့်ပါသည်–
၁။ IT ပိုင်းဆိုင်ရာ Hardware(Server,Firewall,Switch) ပစ္စည်းများအား ငွေကုန်ကြေးကျခံ မဝယ်ယူပဲ မိမိ IT ပိုင်းဆိုင်ရာလုပ်ငန်းများအား Cloud နည်းပညာအသုံးပြု၍ ဆက်လက်ဆောင်ရွက်လိုသူများ ၂။ မိမိ Company ၏ IT ပိုင်းဆိုင်ရာ Hardware ပစ္စည်းများအား Control and Manage ဆောင်ရွက်နိုင်ရန်အတွက် လူအင်အား/ Electricity စသည့် Facility များအသုံးမပြုပဲ HR အင်အား နည်းနည်းဖြင့် ဆက်လက်ဆောင်ရွက်လိုသူများ ၃။ လက်ရှိနိုင်ငံတကာ Cloud Service ကို အသုံးပြုနေပြီး နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် မိမိတို့ ပြည်တွင်း Cloud Service ကိုအသုံးပြုပြီး မြန်မာကျပ်ငွေဖြင့် ပေးချေလိုသူများ ၄။ Customer Service နှင့် ပြောဆိုဆက်ဆံရာတွင်လည်း မိမိတို့ မြန်မာစကားဖြင့်ပင် ထိထိရောက်ရောက် ပြောဆိုဆက်ဆံလိုသူများThis method does not allow payments greater than 500 per day.
You must scan the QR code, click continue to attach the screenshot (it is the only proof of payment) and you will be able to complete the purchase.